တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ သိမ်းဆည်းရမိ


နေပြည်တော်၊ အောက်တိုဘာ ၂၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၅ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၂၅ လုံးအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး၊ လူသုံးကုန်ပစ္စည်း နှစ်မျိုး (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၅၃၁၈၉၇၁၅၆) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင်နှင့် မင်းဘူးခရိုင်တို့ အတွင်း၌ တရားမဝင်ကျွန်းသစ်သုည ဒသမ ၅၂၅ တန်၊ အခြားသစ် သုည ဒသမ ၇၀၉ တန် (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၃၂၄၉) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အောက်တိုဘာ ၂၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ဓူဝံလမ်းဒေသငါးဖမ်းစက်လှေဆိပ်အနီး မြစ်ကမ်းဘေးတွင် စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) နှင့် မြိတ်မြို့ မင်းဓမ္မ (၈) လမ်း အင်းလေးမြိုင်စက်မှုဇုန်ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင် စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀) တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ မြိတ်မြို့နယ် ကလွင်‌ကျေးရွာအုပ်စု၌ တရားမဝင်အခြားသစ် ၁၁ ဒသမ ၁၈၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၁၈၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၁၁၈၀၀၀) ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၁၉ ဒသမ ၄၀၀ တန်၊ သစ်မာ ၃ ဒသမ ၇၇၂ တန် (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၉၈၈၈၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အောက်တိုဘာ ၂၅ ရက်နှင့် ၂၇ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၇၄၈၇၂၈၅) သိမ်းဆည်းရမိခဲ့သည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တရားမဝင်တင်သွင်းလာသည်ကိုတွေ့ရှိရပြီး နိုင်ငံအတွင်း၌ အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် ၎င်းစံချိန်စံညွှန်း မပြည့်ဝနိုင်သည့် ကုန်ကြမ်းပစ္စည်းများ အသုံးပြုမှုကြောင့် အဆိုပါအဆောက်အအုံများတွင် နေထိုင်သူပြည်သူများ အတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင် တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)