(၇၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ကလပ်ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ကလပ်ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်









ဘားအံ၊ အောက်တိုဘာ ၃၁

(၇၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ လှိုင်ကျေးရွာ၊ ကျောက်ကလပ် ဘုရားဝင်း၊ ကျောက်ကလပ်ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်ကို ဖွင့်လှစ်သည်။

ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရရန်ပုံငွေကျပ် (၅၃၃၂ ဒသမ ၅၃) သန်းဖြင့် ကုန်ထုတ်လမ်း(၂၈)လမ်း၊ ကုန်ထုတ်တံတား(၆၁)စင်း၊ ရေရရှိရေးလုပ်ငန်း(၄၃)ခု၊ ဆိုလာစနစ်သုံး စိုက်ပျိုးရေရရှိရေးလုပ်ငန်း(၂)ခုနှင့် အခြားလုပ်ငန်း(၄၇)ခု တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်၊ မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လိုစိတ်များမွေးမြူကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တန်ဖိုးထားကြရန် အကျိုးရှိရှိအသုံးပြုကြရန်နှင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးရန် လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများ အသီးသီးနှင့် ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားပြီး ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ကွန်ကရစ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ထို့နောက် ကျောက်ကလပ်ဆရာတော်ဘဒ္ဒန္တဝိမလ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများက အရှည် ၀ ဒသမ ၆ မိုင်၊ ၁၂ ပေအကျယ်၊ ထု ၆ လက်မရှိ ကျောက်ကလပ်ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်ကူညီအားဖြည့်ပေးသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


စောမျိုးမင်းသိန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)