(၇၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ကလပ်ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ကလပ်ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်









ဘားအံ၊ အောက်တိုဘာ ၃၁

(၇၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ လှိုင်ကျေးရွာ၊ ကျောက်ကလပ် ဘုရားဝင်း၊ ကျောက်ကလပ်ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်ကို ဖွင့်လှစ်သည်။

ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရရန်ပုံငွေကျပ် (၅၃၃၂ ဒသမ ၅၃) သန်းဖြင့် ကုန်ထုတ်လမ်း(၂၈)လမ်း၊ ကုန်ထုတ်တံတား(၆၁)စင်း၊ ရေရရှိရေးလုပ်ငန်း(၄၃)ခု၊ ဆိုလာစနစ်သုံး စိုက်ပျိုးရေရရှိရေးလုပ်ငန်း(၂)ခုနှင့် အခြားလုပ်ငန်း(၄၇)ခု တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်၊ မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လိုစိတ်များမွေးမြူကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တန်ဖိုးထားကြရန် အကျိုးရှိရှိအသုံးပြုကြရန်နှင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးရန် လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများ အသီးသီးနှင့် ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားပြီး ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ကွန်ကရစ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ထို့နောက် ကျောက်ကလပ်ဆရာတော်ဘဒ္ဒန္တဝိမလ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများက အရှည် ၀ ဒသမ ၆ မိုင်၊ ၁၂ ပေအကျယ်၊ ထု ၆ လက်မရှိ ကျောက်ကလပ်ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်ကူညီအားဖြည့်ပေးသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


စောမျိုးမင်းသိန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)