ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


ပဲခူး၊ စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ်သည် အချိန်မရွေး၊ နေရာမရွေး ကြုံတွေ့နိုင်မှာဖြစ်ပြီး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ စုဖွဲ့ခြင်း၊ ကယ်ဆယ်ခြင်းနှင့် ပြည်သူများအား ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် မှန်ကန်သည့် သတင်းအချက်အလက်သိရှိစေခြင်းနှင့်အတူ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုကောင်းကောင်းတို့ဖြင့် ရင်ဆိုင်ကျော်လွှားသွားနိုင်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေ ထူးကဲစွာမြင့်တက်ခဲ့မှုကြောင့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုတစ်ကြိမ်၊ ဩဂုတ်လတွင် ပဲခူးမြစ်ရေ ထူးကဲစွာမြင့်တက်ခဲ့မှုကြောင့် ပဲခူးမြို့နယ်တွင် ရေကြီးရေလျှံမှုတစ်ကြိမ်၊ စက်တင်ဘာလတွင် စစ်တောင်းမြစ်ရေ ထူးကဲစွာမြင့်တက်ခဲ့မှုကြောင့် တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့တွင် တစ်ကြိမ် စုစုပေါင်း ရေကြီးရေလျှံမှု(၃)ကြိမ် ခံစားခဲ့ရပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်များတွင် လမ်း/တံတား ထိခိုက်ပျက်စီးမှုနှင့် စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့ရပြီး အချိန်မီပြန်လည်စိုက်ပျိုးပေးနိုင်ခဲ့သော်လည်း ယခုတတိယအကြိမ် ရေကြိးရေလျှံမှုတွင် စိုက်ပျိုးသီးနှံများအပြင် နိုင်ငံပိုင်လမ်း/တံတား၊ အဆောက်အဦနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသလို ရေဘေးသင့်ပြည်သူများ မူလလူနေထိုင်မှုဘဝသို့ ပြန်လည်ရောက်ရှိစေရေး အတတ်နိုင်ဆုံး ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုကို စစ်ဆေးခြင်းအပြင် တာများ၏ သတ်မှတ်အမြင့်ပေ ရှိ/မရှိ ကွင်းဆင်းစိစစ်ပြင်ဆင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေများ ပြန်လည်ကျဆင်းနေပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားခဲ့ရသည့် ကျောင်းများ၏ ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ဖြည့်ဆည်း၍ အမြန်ဆုံးပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးနှင့် ရေးသင့်ခဲ့သည့် ဒေသများတွင် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများလည်း ပုံမှန်လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စိုက်ပျိုး ရေးကဏ္ဍအတွက် ဆောင်းသီးနှံနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်ရရှိရန်နှင့် မွေးမြူရေးကဏ္ဍအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မူလအတိုင်း ပြန်လည်မွေးမြူနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်/ပျက်စီးခဲ့သည့် စာရင်းဇယားများကောက်ခံရာတွင် အောက်ခြေကွင်းဆင်း၍ မှန်ကန်သည့်အချက်အလက်များဖြစ်စေရန် အထူးအလေးထားဆောင်ရွက်သွားရမှာဖြစ်ပြီး ရေဘေးသင့်ဒေသများရှိ ပြည်သူများ၏ ပျက်စီးခဲ့သည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ချက်ခြင်းပြန်လည်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် တာဝန်ပေးအပ်ထားသည့် ကော်မတီအလိုက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထိုနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကော်မတီအလိုက် တောင်ငူခရိုင် ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ဆောင်ရွက်ပေးခဲ့သည့် ကူညီကယ်ဆယ်ရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ရေဘေးသင့်ပြည်သူများ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် အသီးသီး အကြံပြုတင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေးနှင့် ထိခိုက်ပျက်စီးမှုဆိုင်ရာ စာရင်းဇယားကောက်ယူရေးဆိုင်ရာ အချက်အလက်များအား တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)