မှော်ဘီမြို့နယ်၌ရပ်ကွက်အလိုက်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မှော်ဘီမြို့နယ်၌ရပ်ကွက်အလိုက်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်






မှော်ဘီ၊အောက်တိုဘာ ၂



ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၃)အုပ်စု၌ သန်းခေါင်စာရင်းအားစာရင်းစစ်၊စာရင်းကောက်ယူနေခြင်းကိုယမန်နေ့နံနက်၈နာရီအချိန်တွင်စတင် ကောက်ယူလျှက်ရှိကြောင်းသိရသည်။

ထို့နောက်စာရင်းစစ်၊စာရင်းကောက်ယူရာတွင်  ရပ် ကွက်အလိုက်တစ်အိမ်တက်ဆင်းအချက်(၆၈)ချက်အားမေးမြန်းဆောင်ရွက်လျှက်ရှိရာရပ်ကွက်ရှိအိမ်ထောင်စုမိသားစုများကသိရှိလိုသည့်အချက်အ လက်များအားကြည်ဖြူစွာလက်ခံဖြေကြားခဲ့သည်။

အဆိုပါသန်းခေါင်စာရင်းစစ်၊စာရင်းကောက်ယူရာနေရာများသို့မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ) ဥက္ကဌဦးမျိုးဝင်း၊အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊ အဖွဲ့ဝင်(၂)ဦးဝင်းစိုး၊ခရိုင်(လဝက)မှူးဒေါ်ဥမ္မာညွန့်၊မြို့နယ်(လဝက)ဦးစီးအရာရှိဦး ဝင်းမြတ်ဆွေနှင့်လဝကဝန်ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများ၊ဆရာ/ဆရာများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ကြက်ခြေနီးအဖွဲ့များ၊ကျန်းမာရေးအဖွဲ့များလိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။



ဝင်းဇော်(မှော်ဘီ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)