အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေးကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၂၉

အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ အဋ္ဌမအကြိမ် အစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ - ၁ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် တက်ရောက်အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေးအဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် အမျိုးသားမြေဥပဒေ ပထမ (မူကြမ်း) အခန်း (၁) မှ (၁၅)အထိ ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ယခင်အစည်းအဝေးများတွင် ယာယီသဘောတူအတည်ပြုထားသည့် ဥပဒေမူကြမ်းနှစ်ခုကို စုစည်းပေါင်းစပ်ပြီး ဥပဒေတစ်ရပ်လုံး မူကြမ်းအဖြစ် ပြုစုထားမှုများ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)