နေပြည်တော်၊ အောက်တိုဘာ ၃၀
နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၆ ဦးအား အောက်တိုဘာလ ၁ ရက်တွင် ပထမနှစ်အခြေခံစစ်ပညာသင်တန်း ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲကို အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ကြသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မိုးရာသီ စခန်းချလေ့ကျင့်ရေးသင်တန်းအတွက် အမှတ်တရလက်ဆောင်ပစ္စည်း၊ ဆုတံဆိပ်ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများနှင့် ဆုရရှိကြသူများမှ အသီးသီးလက်ခံရယူကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါသင်တန်းကာလများတွင် ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ လက်နက်ငယ် ဘာသာရပ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် (တပ်စိတ်)၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ ကျန်းမာရေးနှင့် ရှေးဦးသူနာပြုစုနည်း ဘာသာရပ်များနှင့် စက်ပစ်ကွင်းလက်တွေ့ပစ်ခတ်ခြင်း သင်ခန်းစာများအား လေ့ကျင့်သင်ကြားပေးခြင်းအပြင် အထွေထွေဗဟုသုတရရှိစေရေးအတွက် ပြင်ပလေ့လာရေးခရီးစဉ်များကိုလည်း လိုက်ပါပို့ဆောင်ခဲ့ ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment