ရွှေတောင် ၊ အောက်တိုဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အတွင်းရှိ စာကြည့်တိုက်များ ရှင်သန်လည်ပတ်နိုင်ရေးအတွက် ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်လည်ပတ်နေမှု အခြေအနေများအား ယမန်နေ့ ၊နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များသည်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊စာကြည့်တိုက်ကော်မတီဝင်များလိုက်ပါ၍ ရွှေတောင်မြို့နယ်၊ကြို့ကုန်းကျေးရွာအုပ်၊ ရွာမကျေးရွာ " ကျော်" စာကြည့်တိုက်၊ မယားမာန်ကျေးရွာအုပ်စု၊ မယားမာန် ကျေး ရွာရှိ ရွှေမာန် စာကြည့်တိုက်၊ ထန်းကုန်ကျေးရွာ "လင်းရောင်ခြည်" စာကြည့်တိုက်အခြေအနေများ နှင့် ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ငွေကျပ်သိန်း(၁၅၀) ဖြင့် စာကြည့်တိုက် အသစ်ဆောက်လုပ်ပြီးစီးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်မှ စာကြည့်တိုက်ဖွင့်လှစ်၍ စာအုပ်ငှားရမ်းနေမှုအခြေအနေများ၊စာကြည့်တိုက်ရှိစာအုပ်အရေအတွက်၊ စာဖတ်ပရိသတ်အခြေအနေများအားမေးမြန်းခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် နှင့် စာကြည့်တိုက် ကော်မတီဝင်များမှ ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment