တောင်ငူမြို့နယ် ကေတုမတီမြို့ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်၌ မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် မျက်စိဝေဒနာရှင်များအား အလှူငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့နယ် ကေတုမတီမြို့ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်၌ မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် မျက်စိဝေဒနာရှင်များအား အလှူငွေများ ပေးအပ်


နေပြည်တော်၊ အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်၌ မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် မျက်စိဝေဒနာရှင်များအား အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် ပဋိသောတဂါမိနီ ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် ဒေါက်တာအရှင်တိက္ခသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်သူများက သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မျက်စိဝေဒနာရှင်များအတွက် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ လှူဒါန်းသည့်အလှူငွေ ကျပ်သိန်း ၂၀၀ ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ် ဆရာတော်ထံမှ အနုမောဒနာ တရားတော်နာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ ဆေးရုံအတွင်း လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်သည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ တည်ထောင်တော်မူသော ဆေးရုံတော် ၄၃ ခုအနက် ၃၇ ခုမြောက် ဆေးရုံတော်ဖြစ်ပြီး မျက်စိဝေဒနာရှင်များအား အောက်တိုဘာ ၂၀ ရက်မှ ၃၀ ရက်အထိ တစ်နေ့လျှင် ဦးရေ ၂၅၀ ခန့်ဖြင့် မျက်စိအထူးကု ဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိစမ်းသပ် စစ်ဆေးပေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်စိတိမ်များ ခြစ်ထုတ်ခြင်းနှင့် မျက်လုံး အစားထိုးကုသခြင်းများကို ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)