ဂါဇာကမ်းမြောင်ဒေသက ဒုက္ခသည်စခန်းအား အစ္စရေးက တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၁ ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာကမ်းမြောင်ဒေသက ဒုက္ခသည်စခန်းအား အစ္စရေးက တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၁ ဦး သေဆုံး


ဒူဘိုင်း၊ အောက်တိုဘာ ၂၈

ဂါဇာကမ်းမြှောင်အလယ်ပိုင်းရှိ Al-Shati ဒုက္ခသည်စခန်းအား အစ္စရေး၏တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကာတာအခြေစိုက် Al Jazeera ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

အသတ်ခံရသူတွေထဲမှာ သတင်းထောက် သုံးဦး ရှိတယ်လို့ ရုပ်သံဌာနက ပြောပါတယ်။ အဆိုပါ တိုက်ခိုက်မှုသည် အိုးအိမ်မဲ့ ဒုက္ခသည်များ နေထိုင်သည့် စာသင်ကျောင်း အဆောက်အအုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်း ၂ ဒသမ ၃ သန်းနေထိုင်ရာ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ပိတ်ဆို့ထားပြီး ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။.


Ref - TASS

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)