ဒူဘိုင်း၊ အောက်တိုဘာ ၂၈
ဂါဇာကမ်းမြှောင်အလယ်ပိုင်းရှိ Al-Shati ဒုက္ခသည်စခန်းအား အစ္စရေး၏တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကာတာအခြေစိုက် Al Jazeera ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
အသတ်ခံရသူတွေထဲမှာ သတင်းထောက် သုံးဦး ရှိတယ်လို့ ရုပ်သံဌာနက ပြောပါတယ်။ အဆိုပါ တိုက်ခိုက်မှုသည် အိုးအိမ်မဲ့ ဒုက္ခသည်များ နေထိုင်သည့် စာသင်ကျောင်း အဆောက်အအုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပါလက်စတိုင်း ၂ ဒသမ ၃ သန်းနေထိုင်ရာ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ပိတ်ဆို့ထားပြီး ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။.
Ref - TASS
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment