မြစ်သားမြို့ မြို့မအနောက်ရပ်ကွက် ပန်းလောင်မြစ်ဘေးရှိ ရေထိန်းနံရံရေတိုက်စားမှုကြောင့် ရေကာဘုရား(ခေါ်) ရှမ်းဘုရားစေတီအချို့နိမ့်ကျမှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သားမြို့ မြို့မအနောက်ရပ်ကွက် ပန်းလောင်မြစ်ဘေးရှိ ရေထိန်းနံရံရေတိုက်စားမှုကြောင့် ရေကာဘုရား(ခေါ်) ရှမ်းဘုရားစေတီအချို့နိမ့်ကျမှုဖြစ်ပွား




မြစ်သား၊ အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မအနောက်ရပ်ကွက် ပန်းလောင်မြစ်နံဘေးရှိ ရေကာဘုရား(ခေါ်) ရှမ်းဘုရား (၃)ဆူတွင် ရေထိန်းနံရံရေတိုက်စားမှုကြောင့် ဘုရားစေတီအချို့ နိမ့်ကျမှုကို ယနေ့နံနက် (၁၀)နာရီခွဲခန့်က နိမ့်ကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြစ်ရေတိုက်စားမှုကြောင့် ရေထိန်းနံရံအရှည်ပေ (၈၀) ပေခန့်ကို ရေတိုက်စားသဖြင့် ဘုရားပရဝုဏ်အတွင်းရှိ နဂါးဘုရား ဉာဏ်တော်(၁၁)ပေ၊ နဂါးမယ်တော်တိုက်နန်း အမြင့်ပေ (၁၂)ပေတို့မှာ (၄)ပေခန့်နိမ့်ကျခဲ့ပြီး ဘုရား(၃)ဆူအနက် ရန်ကြီးအောင်ဘုရားမှာ အနောက်ဘက်သို့ (၅) ဒီဂရီခန့် တိမ်းစောင်းသွားခဲ့သည်။

ရေထိန်းနံရံရေတိုက်စားမှုူကြောင့် ဘုရားစေတီများ နိမ့်ကျမှုဖြစ်ပွားရာနေရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်မင်းကျော်၊ မြစ်သားမြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူး စိုးဝဏ္ဏအောင်တို့က လာရောက်ကြည့်ရှုစစ်ဆေးကာ ပြန်လည်ပြုပြင်ဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဝါဝါမြင့်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)