ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တောင်သူများ တောင်သူနည်းပညာဆွေးနွေးပွဲ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တောင်သူများ တောင်သူနည်းပညာဆွေးနွေးပွဲ တက်ရောက်


နေပြည်တော်၊ အောက်တိုဘာ ၂၇

ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တောင်သူများ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ တောင်သူများ ပါဝင်သောလေ့လာရေးအဖွဲ့သည် ယမန်နေ့က နေပြည်တော်ရေဆင်းစိုက်ပျိုး ရေးသုတေသနဦးစီးဌာန စပါးသီးနှံဗဟိုဌာန၌ သုတေသနပြုစိုက်ပျိုးထားရှိသည့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စပါးမျိုးသစ်များကို သွားရောက်ကြည့်ရှုလေ့လာကြပြီး တောင်သူ နည်းပညာဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် စပါးမျိုးသစ်များကို လေ့လာစဉ် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူကြီးများ ပူးပေါင်းပါဝင် ခြင်းသည် စိုက်ပျိုးရေးကဏ္ဍ အောင်မြင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျမှု၊ မျိုး၊ မြေ၊ ရေ၊ နည်း အစရှိသည့် နည်းပညာသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီရရှိစေရေး တောင်သူကြီးများထံသို့ သွားရောက်ပညာပေးခြင်း၊ တောင်သူများအား မိမိတို့ထံ ဖိတ်ခေါ်ပြသခြင်းများ ဆောင်ရွက်နေမှုနှင့် အွန်လိုင်းအက်ပလီကေးရှင်းများ အသုံးပြု၍ တောင်သူ များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ နှီးနှောဖလှယ်ခြင်းများ ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်း ပြောကြားပြီး စပါးသီးနှံဗဟိုဌာနအတွင်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် အရည်အသွေးကောင်း စပါးမျိုးသစ်များ၊ ရေမြုပ်ခံစပါးမျိုးသစ်များ၊ ဆည်ရေ သောက်စပါးမျိုးသစ်များ၊ မိုးရေသောက်စပါးမျိုးသစ်များ၊ ဆားငန်ဒဏ်ခံစပါးမျိုးသစ်များ၊ ရေအနည်းလို စပါးမျိုးသစ်များကို ရှင်းလင်းပြသသည်။

ရှင်းလင်းပြသမှုများကို တောင်သူများက စိတ်ပါဝင်စားစွာ လေ့လာကြပြီး စားသုံးမှုအရည် အသွေးအကဲဖြတ်ရန် ပြသထားသည့် ရွှေအာဆီယံ၊ ဝိုင်အေအာရ်-၁၄၊ ဝိုင်အေအာရ်-၀၇၊ ဝိုင်ကေကျူအာရ် - ၀၃၊ ဝိုင်ဘီအက်စ်အာရ် - ၁၀၊ ဝိုင်ကျူအာရ် - ၁၁၊ ဝိုင်ကေ ကျူအာရ်-၀၁၊ ဝိုင်အက်စ်အာရ် - ၁၊ ဝိုင်အာရ်အာရ် - ၁၂၊ ဝိုင်အိုင်အာရ် - ၁၄ မျိုးတို့ကို ဝိုင်းဝန်းအကဲဖြတ်ကြပြီး တောင်သူများ မှတ်မိလွယ်သော မျိုးအမည်များ သတ်မှတ်ပေးနိုင်ရေး အကြံပြုကြသည်။

ထို့နောက် လေ့လာရေးတောင်သူအဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၅၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ တက်ရောက်ကြပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်အတွင်း အအေးခန်းများ၌ မျိုးစေ့များ နှစ်တို၊ နှစ်ရှည်သိုလှောင်ထားရှိမှုများ၊ နိုင်ငံ တစ်ဝန်းမှ စုဆောင်းထားရှိသည့် စပါးနှင့် ပဲမျိုးစုံတို့အား သရုပ်ပြသထားရှိမှုတို့ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)