လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် အလွန်အရေးကြီး - Myanmar National Post

Myanmar National Post

News Agency

Breaking

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် အလွန်အရေးကြီး



မောင်တို့၊ မယ်တို့အနေဖြင့် မိမိတို့ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများ တည်ဆောက်ကြရာတွင် အတွေးအခေါ်အယူအဆ မှန်ကန်စွာဖြင့် စည်းစည်းလုံးလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အထူးသဖြင့် မိမိတို့စာပေပညာ သင်ကြားပေးရမည့် တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုစိတ်ဓာတ် ကိန်းအောင်း ပြီး နိုင်ငံ၏ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်လိုသော မွန်မြတ်သည့် စိတ်စေတနာ ကောင်းများ ထာဝရရှင်သန်ဖြစ်ထွန်းနေအောင် လေ့ကျင့်ပေးကြရန် အဓိကထား မှာကြားလိုကြောင်း။

မိမိတို့နိုင်ငံတွင် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန် ထွန်းကားရေးအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို အန္တိမရည်မှန်းချက်ထားပြီး ရွေးကောက်ပွဲအတွက် လိုအပ်သည်များကို စတင်ပြင်ဆင် ဆောင်ရွက်နေပြီဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)