ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


နေပြည်တော်၊ အောက်တိုဘာ ၂၉

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ၂၇-၁၀-၂၀၂၄ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ ရွှေသောင်ယံကမ်းခြေဒေသ Sea & Lake အပန်းဖြေ စခန်းသို့ရောက်ရှိပြီး ဒီရေတောစိုက်ခင်းများကို စနစ်တကျထိန်းသိမ်း၍ ခရီးသွားဆွဲဆောင်မှုတစ်ခုအနေဖြင့် စီစဉ်ဆောင်ရွက်ထားမှု၊ ကျောက်စိမ်းပြတိုက်နှင့် သစ်သားပန်းပုပြတိုက်များ ခင်းကျင်းပြသထားမှု၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှုနှင့် စွန့်စားအားကစား ခရီးသွားလုပ်ငန်း အစီအစဉ်များဖြစ်သည့် Zip Lining၊ Wall Climbing ၊ Quick Jump အစရှိသည့် အားကစားနည်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ချောင်းသာရုံးခွဲမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ချောင်းသာကမ်းခြေခရီးစဉ်ဒေသ စနစ်တကျ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားပြီး ဌာနပိုင်အဆောက်အအုံများနှင့် တည်ဆောက်ဆဲဟိုတယ်များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ချောင်းသာကမ်းခြေဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ချောင်းသာကမ်းခြေဒေသ Azura Beach ဟိုတယ်၌တွေ့ဆုံ၍ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ချောင်းသာကမ်းခြေဒေသသို့ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားကာ ချောင်းသာကမ်းခြေသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အခြေအနေနှင့်ဝန်ဆောင်မှုပေးနေမှုများ၊ ကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)