သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်က သီရိလင်္ကာနိုင်ငံ သမ္မတ Mr. Anura Kumara Dissanayake အားသွားရောက် ဂါရဝပြု တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်က သီရိလင်္ကာနိုင်ငံ သမ္မတ Mr. Anura Kumara Dissanayake အားသွားရောက် ဂါရဝပြု တွေ့ဆုံ




ကိုလံဘို၊ အောက်တိုဘာ ၂၆

သီရိလင်္ကာနိုငငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်က သီရိလင်္ကာနိုင်ငံ သမ္မတ Mr. Anura Kumara Dissanayake အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်၊ ၁၀:၀၀ နာရီတွင် သမ္မတရုံးသို့ သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် သီရိလင်္ကာနိုငငံတို့အကြား နှစ်နိုင်ငံအကြား ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် အလေးထား ဆွေးနွေး ခဲ့ကြသည်။ ထို့အပြင် ကောင်စစ်ဆိုင်ရာကိစ္စများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။ မြန်မာသံအမတ်ကြီးက နှစ်နိုင်ငံကြား လက်ဖက်နှင့် အုန်း၊ Tropical Medicine တို့နှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)