မြိတ် - ပုလော လမ်းပေါ်တွင် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းပေါက်ကွဲပြီး ကုန်တင်ယာဉ်မောင်း ထိခိုက်ဒဏ်ရာရ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ် - ပုလော လမ်းပေါ်တွင် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းပေါက်ကွဲပြီး ကုန်တင်ယာဉ်မောင်း ထိခိုက်ဒဏ်ရာရ



နေပြည်တော်၊ အောက်တိုဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာအနီး၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီခွဲ တွင် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းပါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကုန်တင်ယာဉ်မောင်း ထိခိုက်ဒဏ်ရာရှိခဲ့သည်။

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ‌အောင်မြေကျေးရွာနေ ဦးမောင်တူး(၃၆)နှစ်နှင့် စဉ့်ကူးမြို့နယ်၊ ဟုတ်ကုန်း ကျေးရွာနေ ဦးရာဇာအောင်တို့သည် ယာဉ်အမှတ် MDY-12-2E/6630 FUSO ကုန်တင်ယာဉ်ဖြင့် မြိတ်မြို့ဘက်မှ ပုလောမြို့ဘက်သို့ မောင်းနှင်ထွက်ခွာလာစဉ် မီးလောင်ချောင်းကျေးရွာအနီး အရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲ ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ဦးရာဇာအောင်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ဦးမောင်တူးတွင် ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)