ကျိုင်းတုံမြို့နှင့်တာချီလိတ်မြို့၌ တိုင်ဖွန်းမုန်တိုင်း (Yagi) ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ဌာန၊ အဖွဲ့အစည်းများအား ဂုဏ်ပြုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နှင့်တာချီလိတ်မြို့၌ တိုင်ဖွန်းမုန်တိုင်း (Yagi) ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ဌာန၊ အဖွဲ့အစည်းများအား ဂုဏ်ပြုပွဲကျင်းပ




တာချီလိတ်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့်တာချီလိတ်မြို့၌ တိုင်ဖွန်းမုန်တိုင်း(Yagi)ကြောင့် ဖြစ်ပွားခဲ့သော သဘာဝဘေးဖြစ်စဉ်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ဌာန၊ အဖွဲ့အစည်းများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်းနှင့် ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်အစိုးရအဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားပြီး ကျိုင်းတုံမြို့နှင့်တာချီလိတ်မြို့တို့တွင် တိုင်ဖွန်းမုန်တိုင်း(Yagi)ကြောင့် ဖြစ်ပွားခဲ့သော သဘာဝဘေးဖြစ်စဉ်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများဖြစ်သည့် မေတ္တာရှင်၊ ရွှေတာချီ၊ ဦးလှမိုး၊ တာချီလိတ်သဒ္ဒါနှင့် ရွှေမယ်ယန်းပရဟိအသင်းတို့အားဂုဏ်ပြုငွေများပေးအပ်ရာ နယ်မြေခံတပ်နယ်မှ ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးလှမင်းနှင့် တာဝန်ရှိသူတို့က လက်ခံရယူကာ လူမှုရေးအသင်းအဖွဲ့များကိုယ်စား မေတ္တာရှင်လူမှုကူညီရေးအသင်းမှ ဒေါ်ဖြိုးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

တိုင်ဖွန်းမုန်တိုင်း(Yagi)ကြောင့် ရှမ်းပြည်နယ်အတွင်း ကလော၊ ဟိုပုံး၊ လွိုင်လင်နှင့် တာချီလိတ်မြို့ အပါအဝင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မြို့ပေါင်း(၂၂)မြို့ရှိပြီး ရေဘေးသင့်ပြည်သူ (၁၉၄၁၉၆) ဦး ရှိခဲ့ကြောင်း၊  မြို့(၁၁)မြို့ရှိ ယာယီရေဘေးရှောင်စခန်းပေါင်း(၉၄)ခုတွင် ရေဘေးသင့်ပြည်သူ (၃၀၈၆၁)ဦး ကျော်ခိုလှုံခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု ရှိခဲ့သည့် မြို့ပေါင်း(၂၈)မြို့ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် (၁၃၉.၈၂၆) ဘီလီယံရှိခဲ့ကြောင်း သိရသည်။


သန်းဇော်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)