ရန်ကုန်မြို့၌ စည်းကမ်းမဲ့ YBS ယာဉ်မောင်းများအား Traffic Control Center မှ Telematics စက်များ၊ CCTV record မှတ်တမ်းများဖြင့် စစ်ဆေးအရေးယူဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့၌ စည်းကမ်းမဲ့ YBS ယာဉ်မောင်းများအား Traffic Control Center မှ Telematics စက်များ၊ CCTV record မှတ်တမ်းများဖြင့် စစ်ဆေးအရေးယူဆောင်ရွက်


တာမွေ၊ အောက်တိုဘာ  ၃၀

ရန်ကုန်မိတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းကုမ္ပဏီများမှ စည်းကမ်းမဲ့ YBS ယာဉ်မောင်းများအား Traffic Control Center မှ Telematics စက်များ၊ CCTV record မှတ်တမ်းများဖြင့် စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

 “စည်းကမ်းမဲ့ YBS ယာဉ်မောင်းများ၏ ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ ဘေးတံခါးဖွင့်၍ မောင်းနှင်ခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းနှင်ခြင်း စသည့်ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများကြောင့် သေဆုံးမ၊ ဒဏ်ရာရရှိမများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးပုဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် ယခုကဲ့သို စောင့်ကြည့်စစ်ဆေးအရေးယူခြင်းဖြစ်ကြောင်း” ရန်ကုန်တိုင်းဒေသကြီး ပုဂလိကသယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ စီမံခန့်ခွဲမှုအောက်တွင် YBS ယာဉ်လိုင်းကုမဏီ ၂၁ ခု၊ ယာဉ်အစီးရေ ၅၀၀၀ ကျော်ရှိပီး နေ့စဉ် ယာဉ်အစီးရေ ၄၀၀၀ နီးပါးဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲပေးလျက်ရှိရာ ခရီးသွားပြည်သူဦးရေ ၁ ဒသမ ၅သန်းခန့်ကို နေ့စဉ်ပို့ဆောင်၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ယခု ၂၀၂၄-ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများအနေဖြင့် ယာဉ်ပေါ်မှပြုတ်ကျမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦး၊ သေဆုံးသူနှစ်ဦးနှင့် လမ်းပြောင်းပြန်မောင်းနှင်မှုကြောင့် လမ်းဖြတ်ကူးသူ ခြောက်ဦးဒဏ်ရာရရှိခဲ့၍ သေဆုံးသူ ၁၂ ဦးထိရှိကြောင်း သိရသည်။


နိုင်လင်းအောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)