နေပြည်တော်၊ နိုဝင်ဘာလ ၂၂
ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပပြုလုပ်သည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (25th ASEAN Chiefs of Army Multilateral Meeting – 25th ACAMM)သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်စားတက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် Mabalacat မြို့ရှိ Hilton Clark Sun Valley Resort ၌ ကျင်းပပြုလုပ်သော (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသော အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက “Strengthening Partnership and Camaraderie Towards Regional Stability” ခေါင်းစဉ်နှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြကာ နေ့လယ်ပိုင်းတွင် အစည်းအဝေးပြီးဆုံးခဲ့သည်။ အစည်းအဝေးအပြီးတွင် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး သည် အာဆီယံကြည်းတပ် ဦးစီးချုပ်များနှင့်အတူပူးတွဲ သတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့သည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ်ဖြစ်သူ Gen Mao Sophan ၊ ထိုင်းဘုရင့် တပ်မတော်၊ လက်ထောက်ကြည်းတပ်ဦးစီးချုပ် Gen. Wasu Chiemsuk ၊ ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ် Lt. Gen Roy M Galido ၊ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Maj. Gen Phanseng Bounphan ၊ ဘရူနိုင်းဘုရင့် တပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် Bri. Gen Haji Mohammad Shanonnizam bin Sulaiman ၊ တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံ ဆွေးနွေးပွဲများ အပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
ညနေပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီးတို့သည် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido နှင့် ဇနီးတို့တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့်ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူတက်ရောက်ခဲ့ကြသည်။ ညစာ သုံးဆောင်ပြီးချိန်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ သည် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment