(၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များသေနတ်ပစ်ပြိုင်ပွဲ (32d ASEAN Armies Rifle Meet - 32nd AARM) ပိတ်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များသေနတ်ပစ်ပြိုင်ပွဲ (32d ASEAN Armies Rifle Meet - 32nd AARM) ပိတ်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်







နေပြည်တော်၊ နိုဝင်ဘာလ ၂၂

ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet 32nd AARM) ပိတ်ပွဲသို့ တက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် Tarlas မြို့ ၊ Camp O'Donnell ရှိ လက်နက်ငယ် ကျွမ်းကျင်မှု လေ့ကျင့်ရေးကွင်း၌ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet 32nd AARM) ပိတ်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အတူ တက်ရောက်ခဲ့သည်။ 

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲပိတ်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ သည်။ ဆုချီးမြင့်ပွဲအပြီးတွင် မြန်မာ့တပ်မတော်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေသည့် သေနတ်ပစ်အသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များသေနတ်ပစ်ပြိုင်ပွဲတွင် သေနတ်ပစ် အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်သည့်အနက် မြန်မာ့တပ်မတော်ကိုယ်စားပြုအသင်း အနေဖြင့် အမှတ်ပေးပစ်ခတ်စဉ်များတွင် နိုင်ငံအလိုက် အဆင့်(၄)၊ အမှတ်ပေးပစ်ခတ်စဉ်နှင့် ထိလဲပြား ပစ်ခတ်စဉ် စုစုပေါင်းတွင် နိုင်ငံအလိုက် အဆင့်(၃) ရရှိခဲ့သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် Camp O'Donnell ရှိ ဖိလစ်ပိုင်ကြည်းတပ် ဗိုလ်သင်တန်းကျောင်း၌ ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က တည်ခင်းဧည့်ခံသော အထူးနေ့လယ်စာစားပွဲသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူတက်ရောက်ခဲ့သည်။

ထို့ပြင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် Hilton Clark Hotel ရှိ Meeting Room-1 ၌ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံနှင့်ဝန်ထမ်းများ၊ မိသားစုဝင်များ ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြား၍ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ ကြောင်းသတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)