ကျောက်ဆည်မြို့တွင် (၆၄) ကြိမ်မြောက် ရတနာသုံးပါးပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် (၆၄) ကြိမ်မြောက် ရတနာသုံးပါးပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ



ကျောက်ဆည် ၊   နိုဝင်ဘာ ၂၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သံဃာတော်များ ဆွမ်း၊ ကွမ်း ပြည့်စုံပြီး သာသနာပြုလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေစေရေး ဆွမ်းဆန်စိမ်းများ၊ ဝတ္ထုငွေများ၊ ဝတ္ထု ပစ္စည်းများ လောင်လှူသည့် ရတနာသုံးပါးပူးဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီက ဖောင်ရွာရပ်ကွက်၊ “ဝေဘူ”သာသနာ့နယ်မြေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် စတုတ္ထဝေဘူဆရာတော်ကြီး အမှူးပြုသော ပင့်သံဃာ(၁၃၉၁)ပါး၊ သီလရှင် (၄၉၆)ပါး၊ ယောဂီ(၂၅)ဦးနှင့် အာဂန္တုသံဃာနှင့် သီလရှင် (၁၆၀) ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်း/အဖွဲ့များ၊ ရပ်နီး/ရပ်ဝေးမှ အလှူရှင်များ၊ စုစုပေါင်း (၃၀၀) ဦးကျော်တို့က အလှူမဏ္ဍပ်များဆောက်လုပ်ပြီး ငွေကျပ်သိန်း (၃) ထောင်တန်ဖိုးရှိ ဆွမ်းဆန်စိမ်းများ၊ ဝတ္ထုငွေ၊ ဝတ္ထုပစ္စည်း စုပေါင်းလောင်လှူခဲ့ကြောင်းနှင့်  ဝေဘူသာသနာ့နယ်မြေ ဂေါပကအဖွဲ့မှ ပင့်သံဃာများ၊ သီလရှင်များအား နိဗ္ဗာန်ဈေးအဖြစ် သုံးဆောင်တော်မူလိုသော ဆွမ်းများကပ်လှူခြင်း၊ အလှူရှင်ပြည်သူများအား စတုဒီသာကျွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပြုလုပ်ခဲ့ကြောင်း ဝေဘူဂေါပကအဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက ပြောပြသည်။


သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)