အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၉

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ခေတ်အဆက်ဆက် မြန်မာ့အင်ဂျင်နီယာများ၏ နိုင်ငံ့အကျိုးပြုစွမ်းဆောင်နိုင်မှု သမိုင်းမှတ်တိုင်များကို လူငယ်များက အားကျအတုယူပြီး ခေတ်မီအင်ဂျင်နီယာနည်းပညာ တီထွင် ဖန်တီးနိုင်မှုများကို ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထို့အတူ ပြည်သူများအတွက် အားထားရသည့် လူငယ်အင်ဂျင်နီယာကောင်းများ ပိုမိုပေါ်ထွန်းလာစေရန်နှင့် လူငယ်အင်ဂျင်နီယာများ၏ စွမ်းရည်ဖြင့် နိုင်ငံ့အနာဂတ်ကောင်းများ ထွန်းလင်းနိုင်စေရန်၊ နိုင်ငံ တကာအဆင့်မီ အင်ဂျင်နီယာပညာရေးလုပ်ငန်းစဉ်များကို Stakeholders များနှင့် ပူးပေါင်းဖော်ထုတ်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ရာပြည့်ဂုဏ်ပြုသဘင်ကျင်းပရန် ဆောင်ရွက်နေကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်သူများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)