နေပြည်တော်၊ နိုဝင်ဘာ ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒီဂျစ်တယ်မီဒီယာဌာန တာဝန်ခံဦးအေးလွင်သည် နိုဝင်ဘာ(၂၁) ရက်နေ့တွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ တိုင်း/ခရိုင်/ မြို့နယ် ပါတီမီဒီယာတာဝန်ရှိသူများ၊ မီဒီယာကိုစိတ်ဝင်စားသည့်ပါတီမှလူငယ်များနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဒီဂျစ်တယ်မီဒီယာတာဝန်ခံ၊ ဗဟိုအလုပ်အမှုဆောင်မှ မိမိတို့ပါတီဆောင်ရွက်နေသော မီဒီယာလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၏ အရင်းအမြစ်၊ ပြည်တွင်း/ ပြည်ပမီဒီယာများ၏ ဝါဒမှိုင်းတိုက်၍ ပြည်သူအများအား သတင်းတု/သတင်းမှားများအား ရည်ရွယ်ချက်ရှိစွာအုပ်စုဖွဲ့၍ ဖြန့်ဝေနေမှုအခြေအနေများ၊ ပါတီနှင့်မီဒီယာ၊ လူငယ်နှင့်မီဒီယာ၊ ရွှေးကောက်ပွဲနှင့် မီဒီယာ စသည့်ခေါင်းစဉ်များကို PowerPoint ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် တိုင်းပါတီကော်မတီဝင် မီဒီယာတာဝန်ခံ ဦးဖိုးသိန်းနှင့် ခရိုင်/မြို့နယ် မီဒီယာတာဝန်ခံများမှ သက်ဆိုင်နယ်မြေအလိုက် သတင်းမီဒီယာကဏ္ဍ ဆောင်ရွက်နေမှုများနှင့် မြေပြင်အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒီဂျစ်တယ်မီဒီယာဌာနတာဝန်ခံ ဦးအေးလွင် က ပါတီ မီဒီယာမဟုတ်သော ပြင်ပမီဒီယာများ၏ အခြေအနေများကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
Photo - USDP
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment