ပေါက်ခေါင်းမြို့နယ်တွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်ကြီးများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နည်းပညာဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်တွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်ကြီးများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နည်းပညာဆွေးနွေးပွဲ ကျင်းပ

 



ပေါက်ခေါင်း  ၊နိုဝင်ဘာ ၁၄


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အဓိကသီးနှံများ ပန်းတိုင်အတွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်ကြီးများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းထွန်းက အဖွင့်အမှာစကားနှင့် အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြိုင်က ဝါသီးနှံ၊ မတ်ပဲသီးနှံ ပန်းတိုင်အတွက် နှုန်း ပြည့်မီကျော်လွန်စွာ ရရှိနိုင်ရေးအတွက် အထွက်နှုန်းတိုးတက်စေရန် ဆောင်ရွက်ရမည့် နည်းပညာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနခရိုင်ရုံးမှ တာဝန်ရှိသူများက ဝါသီးနှံများတွင် ကျ‌ရောက်တတ်သော ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ၊ အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရန် လိုက်နာဆောင်ရွက်ရမည့် နည်းပညာများကိုလည်းကောင်း၊ မျိုးကောင်းမျိုးသန့် သုံးစွဲရေးနှင့် တောင်သူများက တစ်ပိုင်တစ်နိုင် မျိုးထိန်းသိမ်းရေးနည်းပညာများကိုလည်းကောင်း၊ မြေဆီလွှာနှင့် သီးနှံအာဟာရဆိုင်ရာ နည်းပညာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါနည်းပညာဆွေးနွေးပွဲသို့ ပေါက်ခေါင်းမြို့နယ်အတွင်းမှ တောင်သူများတက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)