ရွှေတောင်မြို့နယ် (အ.လ.က) အမြောက်တပ်ကျောင်း နှင့် (အ.မ.က)ကံသုံးဆင့်(မ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင် နှင့် အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် (အ.လ.က) အမြောက်တပ်ကျောင်း နှင့် (အ.မ.က)ကံသုံးဆင့်(မ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင် နှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

 


ရွှေတောင်  ၊  နိုဝင်ဘာ-၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊  (အ. လ.က)အ မြောက်တပ်ကျောင်းနှင့် အမက ကံသုံးဆင့် (မ)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက  အ ခြေခံပညာဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့ယ်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင် နှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

       ရှေးဦးစွာ(အ. လ.က) အမြောက်တပ်ကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ် မော်မော်နှင့် အ.မ.က ကံသုံးဆင့် (မ)ကျောင်းအုပ်ဆရာကြီး ဦးသက်ပိုင်စိုးတို့ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်ငြိမ်းငြိမ်းသန့်က  ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြင့်မား စေရန်၊ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ နှင့် နောက်ခံသမိုင်းကြောင်း၊လူကုန်ကူးမှုတားဆီးရေးအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍  စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဉ်ယဉ်ဆင့်က ဆိုးဆေးများအကြောင်း၊ စားသုံးသူနှင့်ပတ်သက်သော ကုန်စည်အမှတ်အသား(၈)ချက်နှင့် ဆောင်ရန်ရှောင်ရန်သိကောင်းစရာအကြောင်း၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရွှေဝတ်ရည်တိုးက" ကဒုကဒိတ်ကဒေါ့ကဒက်" ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်များ ပြောကြားခဲ့သည်။

    ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ ရွေ့လျားစာကြည့်တိုက်အဖြစ် စာအုပ်စာစောင်များကိုဖတ်ရှုကြပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊    လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)