မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာဟောင်းအနီးရှိ ခရီးသွားဆိုင်ကယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာဟောင်းအနီးရှိ ခရီးသွားဆိုင်ကယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်


နေပြည်တော်၊ နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာဟောင်းအနီးတွင် ခရီးသွားဆိုင်ကယ် များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နိုဝင်ဘာ ၁၈ ရက်က ပစ်ခတ် ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ၎င်းရက်နေ့က တုံးဗျောကျေးရွာဟောင်းအနီးသို့ PDF အမည်ခံအကြမ်းဖက် သမားများ စုဖွဲ့ရောက်ရှိနေကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာများရရှိကာ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ခရီးသွားဆိုင်ကယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည်မှာ သတင်းအမှားသာဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံသတင်းများဖြင့် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)