တာမွေ ၊ နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အရန်မီးသတ်တပ်ရင်းမှ ကြီးမှူးကျင်းပသည့် (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် တာမွေကြီး(က+ဂ)ရပ်ကွက် (၁၅၄)လမ်းရှိ မင်္ဂလာဇေယျုံ(ပရိယတ္တိ) စာသင်တိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက မြတ်စွာဘုရားရှင်အား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော် ကန်တော့ခဲ့ကြပြီး မြို့နယ်ဩဝါဒစရိယနှင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မင်္ဂလာဇေယျုံ (ပရိယတ္တိ) စာသင်တိုက် ဆရာတော်ဘဒ္ဒန္တဩဘာသထံမှ ငါးပါးသီလ ခံယူစောင့်တည်ခဲ့ကြသည်။ ဆက်လက်၍ တာမွေမြို့နယ် အရန်မီးသတ်တပ်ရင်းမိသားစုများနှင့် (၇)ရက်သားသမီး အလှူရှင်များမှ လှူဒါန်းသော ကထိန်လျာသင်္ကန်းများနှင့် ဝတ္ထုငွေများအား သက်ဆိုင်ရာတာဝန်ရှိသူများက မင်္ဂလာဇေယျုံ (ပရိယတ္တိ) စာသင်တိုက် ဆရာတော်ထံ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး မင်္ဂလာဇေယျုံ (ပရိယတ္တိ)စာသင်တိုက် ဆရာတော်ထံမှ ကထိန်အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အခမ်းအနားသို့ တာမွေမြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူးများဖြစ်ကြသည့် ဦးမြဲအောင်၊ ဦးမောင်မောင်အေးနှင့် တပ်ဖွဲ့ဝင်များ၊ တပ်ရင်းမိသားစုများ၊ (၇)ရက်သားသမီး အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment