နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် အသစ်ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် အသစ်ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေး

 





လယ်ဝေး  ၊နိုဝင်ဘာ ၂၂


နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း  မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် အသစ်ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်နှင့် ပြုပြင်လျက်ရှိသည့် စာကြည့်တိုက်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်၊ ဉာဏ်အလင်းစာကြည့်တိုက်အား မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေ ကျပ်သိန်း ၅၀ ဖြင့် ပြုပြင်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး၍ စာကြည့်တိုက်ရှင်သန်ခိုင်မာစေရေး၊ စာဖတ်သူစာငှားသူများ တိုးတက်လာစေရေး၊ စာကြည့်တိုက်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ကန်လှကျေးရွာ၊ ရွှေကန်လှ စာကြည့်တိုက်မကြာမီဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် ပရိဘောဂ၊ စာအုပ်စာစောင်နှင့် စာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ရမည့်လုပ်ငန်းများအား စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရှိရန်နှင့် ကျေးရွာစာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာဖွံ့ဖြိုးစေရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)