ပခုက္ကူမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြုလုပ်

 



ပခုက္ကူ  ၊ နိုဝင်ဘာ ၂၄


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။


ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာဦးဆောင်မှုဖြင့် ဒုတိယဦးစီးမှူးဒေါ်ဝင်းမေ(စာကြည့်တိုက်မှူး)နှင့် ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ အမျိုးသားနေ့အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကျောင်းသား၊ ကျောင်းသူများ သပိတ်မှောက်ဆန္ဒပြကန့်ကွက်ခဲ့သည့် ရန်ကုန်တက္ကသိုလ်ဥပဒေမူကြမ်းအချက်အလက်များ၊ ၂၀၂၄ ခုနှစ်၊ အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့်ဦးတည်ချက်များနှင့် ရုပ်ပြ၊ ကာတွန်း၊ ကဗျာများပါဝင်သော (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ စာပေပညာရှင်များ၏ စာပေဖတ်ရှုလေ့လာခြင်းအကျိုးကျေးဇူးများနှင့်စပ်လျဉ်းသော အဆိုအမိန့်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်နှင့် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူ(လူငယ်လူရွယ်)များ ဖတ်ရှုလေ့လာသင့်သည့် သုတ၊ သုရဆိုင်ရာစာအုပ်စာပေများ၊ မဂ္ဂဇင်း၊ ဝတ္တု၊ ရုပ်ပြနှင့်ကာတွန်းစာအု်ပများအား ခင်းကျင်းပြသခြင်း၊ ငှားရမ်းဖတ်ရှုစေခြင်းများဆောင်ရွက်ကြရာ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)