နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ က လာမယ့် ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို တာဝန်ပြန်လည်လွှဲအပ်ပေးဖို့ ရည်ရွယ်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ် မှာ “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိလာအောင် အလေးထား ဆောင်ရွက်သွားမည်။” လို့ ဆိုထားပါတယ်။
တည်ငြိမ်အေးချမ်းမှသာ လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ကျင်းပနိုင်မှာဖြစ်လို့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥ့ဒေစိုးမိုးရေး ကို အလေးထားပြီး ရှေ့လုပ်ငန်းစဉ်များမှာ ချမှတ်ထားတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ တပ်မတော် ဦးဆောင်တဲ့အစိုးရ က ပြည်သူလူထု လိုလားတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေချိန်မှာ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် လုပ်ဆောင်နေကြတာ ဘယ်သူတွေလဲ။ ဒီမိုကရေစီအိုင်ကွန်လို့ တင်စားခြင်း ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲခဲ့သူတွေ၊ ထောက်ခံအားပေးကြသူတွေ ဖြစ်နေတယ်။
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ ဒီမိုကရေစီ အိုင်ကွန်ကြီးကို ဝန်းရံခဲ့ကြသူတွေ၊ အားပေးထောက်ခံခဲ့ကြသူတွေက ဒီမိုကရေစီအရည်ခြုံပြီး ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပါသွားကြတဲ့ အခင်းအကျင်းကြီးက တကယ့်ကို အံ့သြစရာ ဖြစ်နေပါတယ်။
မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ဖြစ်ပြီး သွေးရူးသွေးတန်း ဖြစ်သွားကြတဲ့ NLD ဦးဆောင်သူတွေသာ ဒီမိုကရေစီစံနှုန်းတွေကို အလေးထားတယ်၊ ဒီမိုကရေစီ ကို တကယ်ပဲ မြတ်နိုးတယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ကျူးလွန်မှာ မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) မှာလည်း တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မသမာသောနည်းလမ်းဖြင့် ရယူရန် ကြိုးပမ်းတာမျိုးကို ခွင့်ပြုမထားပါဘူး။ NLD ဦးဆောင်သူတွေ ဟာ ဥပဒေမဲ့ လုပ်ရပ်တွေကို မျက်နှာပြောင်တိုက်ပြီး လုပ်တယ်။ မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးစားရာမှာ မအောင်မြင်တဲ့အခါကြတော့ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်တယ်။
အကြမ်းဖက်လှုပ်ရှားမှုကို ယနေ့တိုင်အောင် အရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်နိုင်နေတာနဲ့ ပတ်သက်လို့တော့ ပြည်သူများ သတိပြုရမှာက အကြမ်းဖက်လှုပ်ရှားမှုကို ကာလရှည်ကြာ လုပ်ဆောင်နေနိုင်ခြင်းဟာ မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေလိုတဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ အထောက်အပံ့တွေ အဓိက ပါဝင်နေပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုကိုလည်း လုပ်ချင်တိုင်းတော့ လုပ်လို့ရမရပါဘူး။ လုပ်ဆောင်နိုင်ဖို့ လက်နက်၊ ခဲယမ်း၊ ရိက္ခာတွေ လိုအပ်ပါသေးတယ်။
NLD ဦးဆောင်သူတွေက CRPH, NUG အကြမ်းဖက်အဖွဲ့များကို မဖွဲ့စည်းမီကတည်းက ပြည်ပ ကို ကြိုတင်ရောက်ရှိနေကြပါပြီ။ အမေရိကန်၊ အင်္ဂလန်အစရှိသော NLD ပါတီကို ကျောထောက်နောက်ခံ ပြုထားတဲ့ နိုင်ငံတွေဆီကို နယ်စပ်ထွက်ပေါက်တွေကနေ တဆင့် ပြေးကြပါပြီ။ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ အောင်ကြည်ညွန့်၊ ဇင်မာအောင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို အစရှိသော လှုံ့ဆော်သူတွေကို အမေရိကန် CIA က ဘေးလွတ်ရာကို အရင်ဆုံး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ အမေရိကန်ကို သွားဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ သို့ပေသော် မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းဖို့ အကြမ်းဖက်လှုံ့ဆော်မယ့် သူတွေအတွက်တော့ အမေရိကန် CIA က ရှယ်ပလန်နဲ့ ခေါ်ထုတ်သွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။
လုပ်ကြံဖန်တီး လှုံ့ဆော်ရာမှာ သူမတူအောင် စွမ်းဆောင်နိုင်တဲ့ မင်းကိုနိုင်ကတော့ အဓိက လူအနေနဲ့ အစောဆုံး အမေရိကန်ကို ရောက်သွားခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ကို အမေရိကန်ကို ရောက်အောင် ခေါ်ဆောင်ပေးတယ်။ မျိုးရန်နောင်သိန်း စာသင်ကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ လှုံ့ဆော်တဲ့ ရုပ်သံဟာ အမေရိကန်ကို ရောက်မှ ပြောဆိုလှုံ့ဆော်ထားခြင်း ဖြစ်ပါတယ်။
ပြည်ပြေး ဝရမ်းပြေးတွေက လုပ်ကြံဖန်တီး ပြောဆိုရာမှာ သူမတူအောင် စွမ်းနိုင်ကြသူများ ဖြစ်လေတော့ NLD ကို အားပေးထောက်ခံတဲ့ နီပိန်းများမှာ အကြမ်းဖက်သမားဖြစ်မှာကို မသိဘဲ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ် အောက်မှာ အကြမ်းဖက်သမားတွေ ဖြစ်လာကြတာကို တွေ့ရပါလိမ့်မယ်။
CRPH, NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ သက်ဆိုးရှည်နေခြင်းဟာ အစိုးရဘက်က ဖိဖိစီးစီး မလုပ်ဆောင်ခြင်းကြောင့် တကြောင်း၊ အကြမ်းဖက်လှုပ်ရှားမှုအတွက် စဉ်ဆက်မပြတ် အထောက်အပံ့တွေ ရနေတာကြောင့်လည်း အကြမ်းဖက်လမ်းစဉ်ကို မျက်ကွယ်ပြုဖို့ရာ ခက်ခဲလာပြီး တဇွတ်ထိုး တဇောက်ကမ်း ရိုင်းစိုင်းရမ်းကားတဲ့ နီပိန်း ပဒက်တွေ ဖြစ်လာခဲ့ရပါတယ်။
အထူးအားဖြင့် ပြည်သူများအနေနဲ့က ဒီမိုကရေစီကို အမှန်တကယ် မြတ်နိုးတယ်ဆိုရင် ပုဂ္ဂိုလ်ရေး ချစ်ခြင်း/ မုန်းခြင်းတွေကို ဘေးဖယ်ထားပြီး တိုင်းပြည်နဲ့ လူမျိုး ကောင်းကျိုးဖြစ်စေမယ့် အလုပ်တွေ ဘယ်လောက်ထိ လုပ်ခဲ့သလဲဆိုတာနဲ့ပဲ တိုင်းတာရမှာ ဖြစ်ပါတယ်။ NLD ဦးဆောင်သူတွေ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ရတော့လည်း ထင်ရာစိုင်းခဲ့တယ်။ အာဏာလက်မဲ့ ဖြစ်သွားပြန်တော့ ထောက်ခံအားပေးသူတွေကို နိုင်ငံရေးမှိုင်းတိုက်ပြီးတော့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ခဲ့ကြတယ်။ ဦးဆောင်သူတွေက လူရမ်းကားတွေ ဖြစ်နေပြီးတော့ ထောက်ခံအားပေးသူတွေဟာ လူမိုက်တွေ ဖြစ်နေကြတယ်။ ဒါကြောင့် အကြမ်းဖက်လမ်းစဉ်ကို မစွန့်လွှတ်နိုင်ဘဲ မိုက်လုံးထွားနေကြတာ ဖြစ်ပါတယ်။
ဒီမိုကရေစီ စံနှုန်းများထဲမှာတော့ “နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမည်” ဆိုတဲ့ အချက်ပါတယ်။ ယနေ့ တိုင်းပြည်တွင်းမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေပါလို့ ကြွေးကြော်နေတဲ့ NLD ဦးဆောင်သူတွေနဲ့ သူတို့ရဲ့ နောက်လိုက်တွေရဲ့ နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ဘယ်လောက်ရှိသလဲ စဉ်းစားဆုံးဖြတ်ကြဖို့ ဖြစ်ပါတယ်။ သူတို့တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အားပေးထောက်ခံခြင်း မရှိတဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေ၊ ဆရာ/ ဆရာမ ပါ မကျန် ရက်စက်စွာ သတ်ခဲ့တဲ့ လုပ်ရပ်တွေက နိုင်ငံရေးဆိုင်ရာ သည်းခံစိတ်ကို အထွေအထူး မေးခွန်းထုတ်ဖို့တောင် လိုမယ်မထင်ပါဘူး။
ဒါနဲ့ ပတ်သက်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားတာက “သည်းခံခွင့်လွှတ်စိတ် ထားရှိနိုင်မှုသည် အလွန်မွန်မြတ်သော စိတ်ဓာတ်ပင်ဖြစ်သည်။ သည်းခံစိတ်သည် ယောနိသောမနသိကာရ ကျင့်စဉ်ဖြစ်သည်။ နိုင်ငံအရေးနှင့် နိုင်ငံသားများ၏အရေးအတွက် ဆောင်ရွက်ကြရာတွင် ဒီမိုကရေစီကြယ်ပွင့် ဘက်တော်သားတိုင်းတွင် ဒီမိုကရေစီနိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိကြရမည်ဖြစ်သည်။ ဆိုးယုတ်သောစိတ်ထားများကို ဖယ်ရှားရှောင်ကြဉ်ပြီး မွန်မြတ်သန့်ရှင်းသော စိတ်ထားများမွေးမြူပြီး နိုင်ငံတော်အတွက် ကျရာ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် ကြရမည်ဖြစ်သည်။” လို့ ဖွင့်ဆိုထားတယ်။
ဆိုတော့ NLD ဦးဆောင်သူတွေနဲ့ ထောက်ခံအားပေးသူတွေမှာ ဆိုးယုတ်တဲ့ စိတ်ဓာတ်တွေ ရှိနေတာကို အထင်အရှား တွေ့မြင်ခဲ့ကြပြီ။ သူတို့တွေမှာ မွန်မြတ်သန့်ရှင်းသော စိတ်ထားကို မတွေ့ခဲ့ရပါဘူး။ ယနေ့ တိုင်းပြည်တွင်းမှာ အပြစ်မဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ နေ့စဉ် ရက်ဆက် သတ်ဖြတ်ခံနေရတဲ့ ဖြစ်စဉ်တွေဟာ နိုင်ငံရေးအောက်တန်းစားတွေရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ဖြစ်တယ်။ ဒီမိုကရေစီ အရည်ခြုံ ပြည်ပ သြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ချက်ဖြစ်တယ်။ ဒါတွေကို မှန်ကန်စွာ သိရှိနားလည် ကြမယ်ဆိုရင် မိမိတို့ထောက်ခံအားပေးတဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးခေါင်းဆောင်တွေ ရဲ့ ရပ်တည်ချက် လုပ်ဆောင်ချက်တွေကို ဝေဖန်ဆန်းစစ်နိုင်စွမ်း ရှိကြဖို့တော့ လိုအပ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment