ပွင့်လင်းရာသီရောက်လာသဖြင့် မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်လင်းရာသီရောက်လာသဖြင့် မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများဖြင့် စည်ကား




မင်းဘူး  ၊  နိုဝင်ဘာ ၂၉


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် ပွင့်လင်းရာသီရောက်လာသဖြင့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။


ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးကို သာသနာသက္ကရာဇ် ၁၂၃ ခုနှစ်မှာ သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီးဟာ စန္ဒကူးနံ့သာကျောင်းတော်ရာသို့ ဖောင်တော်ဖြင့် လာရောက်ဖူးမြော်ရာတွင် သဖန်းတောမြစ်ကွေ့အရောက် အနောက်ဘက်သို့ မျှော်ကြည့်လိုက်သောအခါ ကေလာသဖတောင်ထိပ် ကိုးတောင်ပြည့်စေတီမှ ရောင်ခြည်တော်များ ကွန့်မြူးနေသည်ကို ဖူးမြော်ရတာကြောင့် တောင်ထိပ်သို့တက်လာပြီး သိကြားမင်းတည်ထားခဲ့သော စေတီနဲ့ကမ္ဗည်းကျောက်စာတိုင်ကို ဖူးတွေ့ရသည့်အတွက် အလွန်မတန်ဝမ်းသာပီတိဖြစ်ကာ စေတီတော်အားဉာဏ်တော်မြှင့်ခြင်း၊ စိန်ဖူးတော်အား အသစ်လဲလှယ်ခြင်းတို့ဖြင့် ပြန်လည်ပြုပြင်မွမ်းမံ လှူဒါန်းခဲ့သည်။


ယခုအခါ စေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်စိန်ဖူးတော်များ တင်လှူခြင်းများနှင့် တောင်ဘက်တွင် မြသလွန်ပြခန်း၊ ရှင်ပင်သာလျောင်းဘုရား၊ နဂါးရုံစေတီနှင့် စည်ဗိမာန်ကြီး၊ အရှေ့ဘက်တွင်မောင်းတော်ကြီးနှင့် သလွန်ချစေတီ၊ မြောက်ဘက်တွင် စက္ကိန်းတဲဘုရား ပုံစံတူစေတီတော်၊ ဘုရားခြေရာတော်ပြခန်းနှင့် ရပ်တော်မူဘုရားများ၊ အနောက်ဘက်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားနှင့် အလွန်သပ္ပာယ်လှသော အရံစေတီတော်များလည်းရှိကာ အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာ ခရီးသွားပြည်သူများဖြင့် စည်ကားလာကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။


ဇေယျာထက်(မင်းဘူး)

https://t.me/MyanmarNationalPost



https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)