ကျောက်ပန်းတောင်း ၊ နိုဝင်ဘာ၂၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့်ဝန်ထမ်းများသည် ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိပြီး၊ ကျောင်းသား/ ကျောင်းသူလေးများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် ကျွန်ပညာရေးကို သပိတ်မှောက်၍ အမျိးသားပညာရေး ကျောင်းများ ပေါ်ပေါက်လာပုံ၊ လွတ်လပ်ရေးလမ်းစကို သပိတ်မှောက် ကျောင်းသားများမှ စတင်လမ်းဖွင့်ပေးခဲ့ပုံတို့ကို ရှင်းလင်းပြောကြား၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင် (၁၅၀) ကို ကျောင်းသား၊ ကျောင်းသူလေးများထံ ဖြန့်ဝေပေးကြသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ဆက်လက်သွားရောက်၍ အသိပညာပေးဟောပြောပြီး၊ လက်ကမ်းစာစောင် (၁၅၀)ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment