သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်သည် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်သည် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်သွားမည်







ဂျကာတာ၊ နိုဝင်ဘာ ၅

 အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူးတွင် သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်က ၁-၁၁-၂၀၂၄ ရက်မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။ 

 ၁-၁၁-၂၀၂၄ ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်ကင်မ်ဟွန်က သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်အား အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ ထို့နောက် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံ အတွင်းရေးမှူးချုပ်က လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်အောက်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်သည် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ (၃) နှစ်တာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)