မြန်မာ - ဗီယက်နမ် ကုန်စည်ပြပွဲ(၂ဝ၂၄)ကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ - ဗီယက်နမ် ကုန်စည်ပြပွဲ(၂ဝ၂၄)ကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည်



ရန်ကုန်၊ နိုဝင်ဘာ ၂၄ 

မြန်မာ - ဗီယက်နမ်ကုန်စည်ပြပွဲ (၂ဝ၂၄)ကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက် အထိ၊ ရန်ကုန်မြို့၊ Inya Lake Hotel ရှိ Yangon Convention Centre (YCC)၌ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း(MEECA)က သိရသည်။

အဆိုပါ မြန်မာ-ဗီယက်နမ်ကုန်စည် ပြပွဲ (၂ဝ၂၄)ဖြစ်မြောက်ရေးအတွက် Vietnam Trade Office in Myanmar၊ မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲ များဆိုင်ရာလုပ်ငန်းအသင်း(MEECA)နှင့် Youth Cluster (MEECA) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း ပြခန်း ၁၅ဝ နီးပါးဖွင့်လှစ်ပြသကာ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် လုပ်ငန်းရှင်ဦးရေ ၂ဝဝဝ ခန့် တက်ရောက်ကြမည်ဖြစ်သည်။

ထိုကုန်စည်ပြပွဲတွင် မြန်မာ- ဗီယက်နမ်နှစ်နိုင်ငံက စိုက်ပျိုးရေး လုပ်ငန်းသုံးစက်ပစ္စည်းများ၊ အိမ်သုံး၊ လုပ်ငန်းသုံးစက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မီးမြှင့်စက်များ၊ ဘက်ထရီများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ် အထည်နှင့်အထည်လိပ်များ၊ စားသောက် ကုန်များ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများ အစရှိသည်တို့ကို ပြခန်းများဖြင့် ခင်းကျင်းပြသကာ ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့ပြင် မြန်မာ့လက်မှုအနုပညာ ပစ္စည်းဆိုင်များ၊ မြန်မာ့ကျောက်မျက် ရတနာဆိုင်များ၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ သင်တန်းကျောင်းများ၊ အိမ်ခြံမြေအကျိုးဆောင်များအပြင် Cloud Computing နှင့် ပတ်သက်သည့် Software ကုမ္ပဏီများလည်း ပါဝင်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။


Crd - CITY NEWS

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)