နေပြည်တော်၊ နိုဝင်ဘာ ၂
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးကြောင့်ပျက်စီးသွားသည့် နေအိမ်များအတွက် ကျေးလက် အိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူမျာသည် ပျဉ်းမနားမြို့၊ ကျွန်းဦးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအတွင်းရှိ ရေဝင်ရောက်မှုကြောင့် အလုံးစုံပျက်စီးခဲ့သည့် နေအိမ်(၁၇)လုံးအတွက် ကျေးလက်အိမ်ရာ (၂၀ ပေ x ၂၀ ပေ x ၁၆ ပေ) တည်ဆောက်နေသည့် လုပ်ငန်းအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက ကျေးလက်အိမ်ရာ တည်ဆောက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ရာဂီမုန်းတိုင်းအရှိန်ကြောင့်ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စနစ်တကျရှိပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အလေးထား ဆောင်ရွက်ရန်နှင့် တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
မျိုးသီဟ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment