ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ အကြိမ် (၄၀)မြောက် မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ အကြိမ် (၄၀)မြောက် မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်း











ရန်ကုန်၊ နိုဝင်ဘာ ၁၅

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ အကြိမ်(၄၀)မြောက် မသိုးရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ပွဲအား ယနေ့ နိုဝင်ဘာ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်နေ့- သာမညဖလအခါတော်နေ့) နံနက် ၅ နာရီက ကျင်းပခဲ့သည်။

ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်ညပိုင်းက မသိုးသင်္ကန်းစင်တော်(၂၄)စင်မှ ရက်လုပ်ရရှိလာသည့် မသိုးသင်္ကန်းများအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက သယ်ယူ၍ ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်အပူဇော်ခံခဲ့ကြသည်။

ထိုနောက် ဗိုလ်တထောင်စေတီတော်မြတ်ကြီးအတွင်းရှိ မြတ်စွာဘုရားဆင်းတုတော်များအား မသိုးရွှေကြာသင်္ကန်းတော်များကို ကပ်လှူပူဇော်ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)