၂၀၂၄ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် နိုဝင်ဘာ ၁၉

(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိ သူများနှင့် နေပြည်တော်ကောင်စီမှ အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးဗဟို ကော်မတီဝင်များနှင့်တာဝန်ရှိသူများ  တက်ရောက်ကြသည်။

ဦးစွာ ၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အမျိုးသားရေးအနှစ်သာရ ပြည့်ဝစွာဖြင့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဆောင်ပုဒ်တို့နှင့်အညီ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ၂၀၂၃ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြီးစီးမှုအစီရင်ခံစာကို ကောက်နုတ် တင်ပြသည်။

ယင်းနောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ ပညာရေးသုတေသနစီမံကိန်းနှင်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းသန်းမြင့်က ၂၀၂၄ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့စီမံချက်ကို တင်ပြ၍ ဆုံးဖြတ်ရန်ကျန်ရှိသည့်အချက်များကိုတင်ပြရာ ဗဟိုကော်မတီဝင်များ၊ အစည်းအဝေး တက်ရောက်လာသူများက ဆွေးနွေးဆုံးဖြတ် အတည်ပြုကြသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကိုတင်ပြကြပြီး အမျိုးသားအောင်ပွဲနေ့ အကြို လှုပ်ရှားမှုများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်သွားရေးနှင့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများကို စီမံချက်နှင့်အညီ အောင်မြင်စွာကျင်းပသွားရေး ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)