ရွှေတောင်၊ နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင် ဝန်ကြီးများနှင့် အတူ နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ၌ “ပညာအားမာန်” စာကြည့်တိုက် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တိုက “ပညာအားမာန်” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲဝင် ဝန်ကြီးများ က စာကြည့်တိုက်ကော်မတီအဖွဲဝင်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပညာအားမာန်” စာကြည့်တိုက်အတွင်း စာအုပ်/ စာစောင်များ ခင်းကျင်းထားရှိမှုနှင့် စာပေဖတ်ရှုလေ့လာနေသည့် ကျောင်းသား/သူများအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး စာကြည့်တိုက်အတွင်း သုတ/ရသ စာအုပ်စာစောင်များ ဝယ်ယူနိုင်ရေး ငွေကျပ်သိန်း(၃၀) ထောက်ပံ့ပေးအပ်ခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ မိမိတို၏ သားသမီးများအား လူကောင်းလူမွန်များဖြစ်စေရေးနှင့် အနာဂတ်တွင် တိုင်းပြည်မှ အားကိုးရသည့် သားကောင်းသမီးမွန်များဖြစ်စေရေး စာကြည့်တိုက်သို့ စေလွှတ်ပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့ပြီး စာကြည့်တိုက်ဖွင့်ပွဲတွင် မြန်မာ့ရိုးရာ အိုးစည်၊ ဒိုးပတ် အတီးအကများဖြင့် ဖျော်ဖြေခဲ့သည့် ဖျော်ဖြေရေးအဖွဲများအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment