ဗိုလ်ချုပ်ကြီးမြထွန်းဦး ဆင်သေချောင်းပေါ်ရှိ ဥယျာဉ်တံတားအဝင်ရေလမ်းကောင်းမွန်ရေး ဆောင်ရွက်ထားမှုနှင့် နဝင်းချောင်းရေလမ်းကြောင်းဖြောင့်ခြင်းနှင့် ကမ်းထိန်းနံရံတည်ဆောက်နေမှုကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်ကြီးမြထွန်းဦး ဆင်သေချောင်းပေါ်ရှိ ဥယျာဉ်တံတားအဝင်ရေလမ်းကောင်းမွန်ရေး ဆောင်ရွက်ထားမှုနှင့် နဝင်းချောင်းရေလမ်းကြောင်းဖြောင့်ခြင်းနှင့် ကမ်းထိန်းနံရံတည်ဆောက်နေမှုကြည့်ရှုစစ်ဆေး


နေပြည်တော်၊ နိုဝင်ဘာ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပြည်ထောင်စု နယ်မြေအတွင်း ဆင်သေချောင်းပေါ်ရှိ ဥယျာဉ်တံတားအဝင်ရေလမ်းကောင်းမွန်ရေး အရေးပေါ်ယာယီကာကွယ်ရေး လုပ်ငန်းများဖြစ်သော သောင်တူးလုပ်ငန်းနှင့် မျောရေကာတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - မန္တလေး လမ်းမကြီး မိုင်တိုင်အမှတ် ၂၄၅/၇ နေရာရှိ နဝင်းချောင်းရေကြီးရေလျှံမှုလျှော့ချရေး ရေလမ်းကြောင်းဖြောင့်ခြင်းလုပ်ငန်း၊ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းနှင့် ကမ်းထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ၊ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု အင်းသာကျေးရွာ ဆင်သေချောင်းရေတိုက်စားကမ်းပြိုမှုကာကွယ်ရေး လုပ်ငန်းအတွက် နှစ်အလိုက်မြေထိန်းနံရံတည်ဆောက်ထားမှု၊ ကွန်ကရစ်ဆူးတောင်များ ချထားဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ရေးဆွဲထားသော လုပ်ငန်းအချိန်ဇယား (Work Plan) အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ အရည်အသွေးစံချိန် စံညွှန်း ပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)