ခုနှစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော်ဖိုးရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခုနှစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော်ဖိုးရရှိ


ရန်ကုန်၊ နိုဝင်ဘာ ၉

၂၀၂၄ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခုနှစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁.၃၆၂ သန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆၄၆ သန်း ရရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ဧပြီလတွင် ဆန်နှင့် ဆန်ကွဲ ၁၁၁၈၆၂တန်၊ မေလတွင် ဆန်နှင့် ဆန်ကွဲ ၇၁၂၇၉တန်၊ ဇွန်လက ဆန်နှင့် ဆန်ကွဲ ၁၆၂၃၂၅တန်၊ ဇူလိုင်လတွင် ဆန်နှင့် ဆန်ကွဲ ၁၆၅၄၄၀ တန်၊ သြဂုတ်လက ၂၀၇၃၆၉. ၉တန်၊ စက်တင်ဘာလတွင် ဆန်နှင့်ဆန်ကွဲ ၂၁၉၅၆၅.၁၃တန်၊ အောက်တိုဘာလတွင် ဆန်နှင့်ဆန်ကွဲ ၄၂၄၇၈၄.၂၇တန် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပြီး အောက်တိုဘာလ တင်ပို့မှုမှာ လျာထားချက်ထက် ကျော်လွန်တင်ပို့နိုင်ခဲ့သည့်အပြင် ခုနှစ်လတာအတွင်း ပို့ကုန်ဝင်ငွေအများဆုံး ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ပုဂ္ဂလိက ကုမ္ပဏီများမှ တင်ပို့နေခြင်းဖြစ်ပြီး ဆန်ကို ပုဂ္ဂလိက ကုမ္ပဏီ ၆၀ မှ ဘယ်လ်ဂျီယံနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၈နိုင်ငံသို့လည်းကောင်း၊ ဆန်ကွဲကို အင်ဒိုနီးရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅နိုင်ငံသို့ လည်းကောင်း တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)