နေပြည်တော် ၊ နိုဝင်ဘာ ၂၇
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ပျဉ်းမနားမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း ကြို့ပင်(တောင်) ကျောင်းသို့သွားရောက်၍ Thant Star Co.Ltd မှ တာဝန်ယူတည်ဆောက်နေသော Steel Structure (၁၀၀×၃၀) ပေ(၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာကျောင်းဆောင်သစ်များကို တာဝန်ယူတည်ဆောက်နေသော ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ အဆိုပါလုပ်ငန်းများအတွက် (QA/QC) အဖြစ် တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီမှလုပ်ငန်းများ၏ အရည်းအသွေးပိုင်းဆိုင်ရာ စစ်ဆေးချက်များနှင့် ပြီးစီးမှုရာခိုင်နှုန်းများကိုလည်း အသီးသီးရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက သက်ဆိုင်ရာဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးရန်နှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင်တည်ဆောက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ဓမ္မာရုံနှင့် ဘောဂဝတီရပ်ကွက် ဓမ္မာရုံများသို့သွားရောက်၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ဆောင်ရွက်နေသည့် “ရက် ၉၀ စဉ်ဆက်ပညာရေးလုပ်ငန်း” လုပ်ဆောင်နေသော စာသင်ဝိုင်းများ၌ စာတတ်မြောက်ရေး သင်ကြား၊ သင်ယူလျက်ရှိသည့် စေတနာရှင်လုပ်အားပေး နည်းပြ၊ ကြီးကြပ်များနှင့် စာသင်သားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စာသင်ဝိုင်းများအတွက် စာအုပ်နှင့်စာရေးကိရိယာများ၊ အာဟာရဖြည့်အစားအစာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့နယ် ၈ မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ဆောင်ရွက်နေသည့် “ရက် ၉၀ စဉ်ဆက်ပညာရေးလုပ်ငန်း” လုပ်ဆောင်နေသော စာသင်ဝိုင်း ၄၅ ဝိုင်းနှင့် စာသင်သားဦး ရေစုစုပေါင်း ၄၄၉ ဦးရှိကြောင်း သိရှိရပါသည်။
မျိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment