တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်



ပုသိမ်၊ နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နေ့လယ်ပိုင်းက ပုသိမ်မြို့၊ အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်သည့် လမ်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်ခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရွာသွန်းမှုမရှိတော့သဖြင့် ရန်ကုန်-ပုသိမ် လမ်းပိုင်းအား လူအင်အား၊ စက်ယန္တရားအားများဖြင့် အရှိန်အဟုန်ဖြင့် ပြင်ဆင်ဆောင်ရွက်နိုင်ရေး လမ်းပိုင်းအလိုက် တာဝန်ခံများက ရှင်းလင်းတင်ပြရန်၊ ခရီးသွားရာသီရောက်ရှိလာပြီဖြစ်သဖြင့် လမ်းများကောင်းမွန်ရေးနှင့် လမ်းဘေးဝဲယာ သန့်ရှင်းသာယာစေရေး အလေးထားဆောင်ရွက်ရန်၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ဂရုစိုက်ဆောင်ရွက်ရန်၊ မိုးတွင်းရာသီတွင် ပျက်စီးခဲ့မှုများအား အမြန်ဆုံးပြီးစီးစေရေး ဆောင်ရွက်ရန် အမှာစကားပြောကြားခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက လမ်းဦးစီးဌာန၏ လမ်းစီမံခန့်ခွဲမှုနှင့် လမ်းအမျိုးအစားများ၊ ခရိုင်အလိုက်ပိုင်ဆိုင်သည့် လမ်းအရေအတွက်နှင့် ပြည်ထောင်စု၊ တိုင်းဒေသကြီးလမ်းများ၏ လမ်းအခြေအနေ၊ လမ်းဦးစီးဌာနဖွဲ့စည်းပုံအရ အင်ဂျင်နီယာဝန်ထမ်းအရေအတွက်နှင့် လက်ရှိအင်အား၊ လမ်းပျက်စီးရသည့် အကြောင်းအရင်းများ၊ လမ်းပျက်စီးမှုနှင့် သာယာလှပရေးတို့အတွက် ဆောင်ရွက်ပေးရသည့် လုပ်ငန်းအစီအစဉ်များ၊ ရန်ကုန်-ပုသိမ် (ဧရာဝတီတိုင်းဒေသကြီးအပိုင်း) မိုင် (၁၇/၄-၁၁၃/၂) အထိ ၉၅ မိုင် ၆ ဖာလုံအား အဖွဲ့အလိုက် တာဝန်ယူဆောင်ရွက်နေမှုနှင့် လမ်းအခြေအနေများ၊ ရန်ကုန်-ပုသိမ် လမ်းပေါ်တွင် အင်ဂျင်နီယာတာဝန်ချထားမှုနှင့် လုပ်သားဦးရေစာရင်း၊ ရန်ကုန်-ပုသိမ်လမ်းပေါ်တွင် စက်ယာဉ်ယန္တရားခွဲဝေချထားမှုနှင့်အရေအတွက်၊ ပြည်ထောင်စု ငွေလုံးငွေရင်း (ဖြည့်စွက်၊ မိုးဒဏ်၊ အထူးပြင်) ရန်ပုံငွေဖြင့်ဆောင်ရွက်ရန် တင်ပြတောင်းခံထားသော လုပ်ငန်းစီမံချက်များနှင့် လမ်းအသုံးပြုရန် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားမည့်အစီအမံများအား ရှင်းလင်းတင်ပြပြီး လမ်းအထူးအဖွဲ့(၂၁)၊ မအူပင်ခရိုင်၊ ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင် လမ်းဦးစီးဌာန တာဝန်ရှိသူများနှင့် လမ်းအထူးအဖွဲ့ (၂၀) ရေကြည်တို့မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း တာဝန်ယူ ဆောင်ရွက်နေသည့် လမ်းများ၊ လမ်းပျက်စီးမှုများအား ပြင်ဆင်ထိန်းသိမ်းမည့်အစီအစဉ်၊ ပြည်ထောင်စုငွေလုံးငွေရင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှု၊ တာဝန်ယူဆောင်ရွက်လျက်ရှိသော ရန်ကုန်-ပုသိမ် လမ်းပိုင်းအလိုက် ထားရှိသည့် အင်ဂျင်နီယာများ၊ လုပ်သားအင်အားစာရင်းနှင့်စက်ယန္တရားများ၊ လမ်းပျက်စီးမှုများနှင့် ပြန်လည်ပြင်ဆင်မည့် အစီအမံများ၊ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ တင်ပြတောင်းခံထားသည့် လုပ်ငန်းများစာရင်း၊ ရန်ကုန်-ပုသိမ်လမ်းပိုင်းဆိုင်ရာ ပျက်စီးမှုများအား ပြုပြင်ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် လမ်းပန်းရေးရာဝန်ကြီးမှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လမ်းပိုင်းအလိုက် အဆင့်မြင့်ကောင်းမွန်စေရေး လိုအပ်ချက်များကို အချိန်မီပြုစုတင်ပြဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)