ရန်ကုန်၊ နိုဝင်ဘာ ၂ဝ
မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်း သားစုံညီအစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေး ကို UMFCCI အသင်းဝင်အသင်းသားများ ပါဝင်တက်ရောက်နိုင်ရေးအတွက် UMFCCI အသင်းချုပ် ဝက်ဘ်ဆိုက် www.umfcci.com.mm တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နောက်ဆုံးထား၍ Online Registration ပြုလုပ်၍ အမည်စာရင်း ကြိုတင်ပေးသွင်းနိုင်ပြီး အစည်းအဝေးတက်ရောက်ခွင့် QR Code များကို UMFCCI က အီးမေးလ်မှတစ်ဆင့် အချိန်မီ ပြန်လည် ပေးပို့သွားမည်ဖြစ်သည်။
အသင်းသားများအနေဖြင့် အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံ စာနှင့်နှစ်ချုပ်ငွေစာရင်းရှင်းတမ်းနှင့်စပ်လျဉ်း၍ အကြံပြုချက်များ ကို ကုန်သည်စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာနသို့ ဒီဇင် ဘာ ၁ ရက် နောက်ဆုံးထား၍ ပေးပို့ကြရမည်ဖြစ်သည်။
ဓာတ်ပုံ - UMFCCI
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment