ကျောင်းသား/ကျောင်းသူများအကြား ဥပဒေအသိပညာများ တိုးပွား၍ နိုင်ငံတော်အတွက် ပြည်နယ်အတွက် ကောင်းကျိုးရလာဒ်များ တိုးပွားဖြစ်ထွန်းစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသား/ကျောင်းသူများအကြား ဥပဒေအသိပညာများ တိုးပွား၍ နိုင်ငံတော်အတွက် ပြည်နယ်အတွက် ကောင်းကျိုးရလာဒ်များ တိုးပွားဖြစ်ထွန်းစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ပြောကြား








မော်လမြိုင်၊ နိုဝင်ဘာ ၁၄

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်ပြီးနိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားတိုင်းဥပဒေကို မဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်းကြရမည့် တာဝန်ရှိကြောင်း၊ ဥပဒေကို နိုင်ငံသားတိုင်းက သိရှိနားလည်ရန်လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာ အသိအမြင်များရရှိနိုင်ရေး Grade-11 နှင့် Grade-12 အတန်းများတွင် ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များ သင်ကြားပို့ချပေးရန် လမ်းညွှန်မှာကြားချက်နှင့်အညီ ယခုသင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအကြား ဥပဒေအသိပညာများ တိုးပွား၍ နိုင်ငံတော်အတွက် ပြည်နယ်အတွက် ကောင်းကျိုးရလာဒ်များ တိုးပွားဖြစ်ထွန်းစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော ဆရာ၊ ဆရာမများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုဆုများအားလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းတွင် အခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၉၈) ဦး တက်ရောက်ကာ သင်တန်းကို နိုဝင်ဘာ ၄ ရက်မှ ၁၄ ရက်နေ့အထိ ရက်သတ္တပတ်နှစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။


စည်သူ 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)