Pages

Pages

ရွှေတောင်မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ခုနှစ်၊ အဓိကသီးနှံ ( ၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိသော ထူးချွန်တောင်သူများအားဆုပေးပွဲ အခမ်းအနားကျင်းပ

 



ရွှေတောင်  ၊ နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက. စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊စိုက်ပျိုးရေးဦးစီးဌာန၂၀၂၃- ၂၀၂၄ခုနှစ်၊ အဓိကသီးနှံ ( ၁၀) မျိုး ၏ ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိသော ထူးချွန်တောင်သူများအား ဆုပေးပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင်မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ဦးစီးမှူး ဦးမျိုးအောင်က ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဆောင်ရွက်ရသည့် လုပ်ငန်းစဥ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

    ဆက်လက်၍ ၂၀၂၃- ၂၀၂၄ခုနှစ်၊ အဓိကသီးနှံ   ( ၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိသော ထူးချွန်တောင်သူ ( ၁၀)  ဦးတို့အား ဆုချီးမြှင့်ခြင်းနှင့် စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူ ဆု ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ထူချွန်တောင်သူ ဦးဇော်ဝင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment