မော်စကို၊ နိုဝင်ဘာ ၁၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV အား ၁၄-၁၁-၂၀၂၄ ရက် (ကြာသပတေးနေ့) မင့်စ်စံတော်ချိန် နံနက် ၀၉ ၃၀ နာရီတွင် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ ၎င်း၏ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲ ခန့်အပ်လွှာ (မိတ္တူ) ကို ပေးအပ်ခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအလားအလာများနှင့် ဆောင်ရွက်သွား ရန်ရှိသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဌာန ညွှန်ကြားရေးမှူးချုပ် Mr. Dmitry MIRONCHIK ဦးဆောင်သည့် တာဝန်ရှိသူများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment