အမရပူရ၊ နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီး တည်ထားသော မန္တလေးစွယ်တော်မြတ်စေတီတော် ၂၉ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က အဆိုပါဘုရားဝင်းအတွင်းရှိ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုးနှင့် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် တို့ကအဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နတ်တော်လဆန်း ၃ ရက်ညနှင့် ၄ ရက်နေ့ နံနက်ပိုင်းများတွင် ဆောင်ရွက်ထားသည့် အစီအစဥ်များကို ရှင်းလင်းတင်ပြပြီး ပင့်သံဃာ ဆရာတော်ကြီး ၄၅ ပါးတို့အတွက်လှူဖွယ်ပစ္စည်းများ စည်းကားစွာ လှူဒါန်းနိုင်ရေး တင်ပြဆွေးနွေးရာ တက်ရောက်လာသော ဝန်ကြီးများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဗုဒ္ဓပူဇနိယပွဲတော်တွင် ရွှေကြာသင်္ကန်းကပ်လှူနိုင်ရေး၊ ဆီမီးကိုးထောင်ပူဇော်ရေးနှင့် ဝတ်ရွတ်အသင်းများ စနစ်တကျနေရာချထားရေးတို့ကို ကော်မတီ၊ ဆပ်ကော်မတီ အသီးသီးတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ လူမှုရေးဝန်ကြီး၊ သယံဇာတဝန်ကြီး၊ အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များ၊ ကော်မတီဝင်၊ ဆပ်ကော်မတီဝင်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment