ပဲခူး၊ နိုဝင်ဘာ ၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာတာဝန်ခံ ဦးမောင်မြင့်သည် ပဲခူးတိုင်းဒေသကြီး(အရှေ့)သို့ နိုဝင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းက ရောက်ရှိကာ ပဲခူးမြို့နယ်အတွင်းရှိ ရွာသစ်ကျေးရွာမှ သံထည်ပစ္စည်းထုတ်လုပ်နေမှု လုပ်ငန်းများ၊ အင်းတကော်မြိုရှိ စက်ရုံလုပ်ငန်းများသို့ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း နှင့် တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့်ပါတီတာဝန်ရှိများမှ နယ်မြေကွင်းဆင်း၍ ပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ထိုသိုနယ်မြေကွင်းဆင်းခဲ့ရာတွင် ပါတီ၏ဗဟိုအလုပ်အမှုဆောင်မှ နိုင်ငံတော်မှ စီမံဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ နိုင်ငံ၏ GDP တိုးတက်လာမှု၊ ကုန်ထုတ်လုပ်မှုစွမ်းအား ပိုမိုတိုးတက်လာစေရေး၊ တည်ငြိမ်အေးချမ်းစွာ တည်ဆဲဥပဒေများအပေါ် လေးစားလိုက်နာသဖြင့် ရရှိနိုင်သောအကျိုးရလာဒ်များ၊ တိုင်းပြည်၏ပကတိအခြေအနေများ၊ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များအား အသေးစိတ် အကျယ်တစ်ဝင့်ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းခဲ့မှုအပေါ် ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲများအပြီးတွင် တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost







No comments:
Post a Comment