ရန်ကုန်၊ နိုဝင်ဘာ ၃
နိုဝင်ဘာလ ၂ ရက် နေ့လည် ၁၂ နာရီခန့်က ထန်တလန်မြို့တွင် နယ်မြေရှင်းနေသည့် လုံခြုံရေးအဖွဲ့များသည် CDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ အခြေပြုနေထိုင်သော အဆောက်အဦ ၁ လုံးအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ထိတွေ့မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် စစ်သည် ၁ ဦး၊ ရဲ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး CDF အကြမ်းဖက်သမား ၃ လောင်း၊ KA သေနတ် ၁ လက်၊ MA-2 သေနတ် ၁ လက်၊ ကျည် ၃၅ တောင့်၊ ကျည်အိမ် ၂ ခု တို့အား သိမ်းဆည်းရရှိခဲ့သည်။
အလားတူ နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းအချိန်က မတ္တရာမြို့၏ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာရှိ ထိန်ပင်ဇောက်ရွာအနီးတွင် နယ်မြေရှင်းလင်း စစ်ကြောင်းသည် အကြမ်းဖက်သမားများ ယာယီခြေကုတ်နေရာအား တွေ့ရှိ ရှင်းလင်းရာ ထိတွေ့တိုက်ပွဲငယ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ မြောက်အရပ်သို့ ဆုတ်ခွာသွားခဲ့သည်။ ထိတွေ့တိုက်ပွဲအတွင်း TNLA အကြမ်းဖက်သမား အလောင်း ၁ လောင်း၊ M-22 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၂၀၀ ခန့်၊ ကျည်ကာဦးထုပ် ၁ လုံး၊ အိုင်ကွန် ၁ လုံး၊ လက်လုပ် Fixwing ၁ စီး၊ သစ်လုံးဘန်ကာ ၁ ခု၊ ပစ်ကျင်း ၄၁ ကျင်း တို့အား သိမ်းဆည်းရရှိခဲ့သည်။
ထို့အတူ နိုဝင်ဘာ ၂ ရက် ည ပိုင်းအချိန်က မကွေးတိုင်း၊ မြိုသစ်မြို့၏ အနောက်မြောက် မီတာ ၁၆၀၀၀ အကွာရှိ အင်တောရွာ လမ်းဆုံတွင် လုံခြုံရေးအဖွဲ့သည် ဒေသခံသတင်းပေးမှုအရ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သမား ၁၀ ဦးနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်သမားများ မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
ဖြစ်စဉ်တွင် PDF အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ ကျည် ၂၃၄ တောင့်၊ ကျည်အိမ် ၁ ခု၊ ယမ်း ၁ ဘူး၊ ဒီတိုနေတာ ၁၀၀ ခု၊ ပြောက်ကျားယူနီဖောင်း ၅ စုံ တို့အား သိမ်းဆည်းရရှိခဲ့သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment