မန္တလေးဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပထမနှစ် ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပထမနှစ် ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲ ကျင်းပ



မန္တလေး  ၊ နိုဝင်ဘာ ၂၇ 


ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ပထမနှစ် (၁၁/၂၀၂၄)သင်တန်းသို့ တက်ရောက်ခွင့်ရသည့် မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မြတ်ဝတ်လွှာ စာသင်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် မန္တလေးဒုတိယပါမောက္ခချုပ် ဒေါက်တာလင်းထက်မြင့်က ကြိုဆိုနှုတ်ဆက်အမှာစကား ပြောကြားပြီး၊ မော်ကွန်းထိန်း၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ကထိကဌာနမှူးများက စာမေးပွဲစည်းကမ်းများ၊ ဘာသာရပ်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ကထိကဌာနမှူးများ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် မန္တလေးဝင်ခွင့်ရသည့် ကျောင်းသား/ကျောင်းသူ (၉၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


ဇာနည်ကိုကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)